သူဘယ်လိုလူလဲ
အောက်ပါအချက်လေးတွေကို မှတ်သားပြီး သင့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့စိတ်ထဲက အမှန်တရားကို ဖော်ထုတ်နိုင်အောင်ကြိုးစားကြပါစို့....
၁) လူတစ်ယောက်ဟာ ဘာမှမဟုတ်တဲ့အရာတစ်ခုကိုတောင် အားရပါးရရယ်မောနေတယ်ဆိုရင် အဲ့ဒီလူရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းဝမ်းနည်းနေလို့ပါပဲ....
၂) လူတစ်ယောက်အလွန်အမင်းအိပ်နေပြီဆိုရင်တော့ ဒီလူဟာ အထီးကျန်နေတာသေချာပါတယ်...
၃) လူတစ်ယောက်ကစကားနည်းနည်းပဲပြောမယ်... အကယ်လို့သူပြောရင်လည်း ခပ်မြန်မြန်ပြောမယ်ဆိုရင် ဒီလူဟာ လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားတာပါ.....
၎) တစ်စုံတစ်ယောက်က မငိုကြွေးနိုင်ဘူးဆိုရင် ဒီလူက ပျော့ညံ့အားနည်းတတ်သူပါ.....
၅) တစ်စုံတစ်ယောက်က အစားအစာကို ပုံမှန်မဟုတ်တဲ့နည်းနဲ့စားနေပြီဆိုရင် ဒီလူက စိတ်ဖိစီးနေတဲ့သူပါ....
၆) တစ်စုံတစ်ယောက်က အသေးအမွှားလေးအတွက်နဲ့ငိုနေပြီဆိုရင် သူဟာ ရိုးသားပြီး နှလုံးသားနူးညံ့တဲ့သူမျိုးပါ.....
၇) တစ်စုံတစ်ယောက်ဟာ ဘာမှမဟုတ်တဲ့ အသေးအမွှားအတွက်စိတ်တိုနေတယ်ဆိုရင် ဒီလူဟာ ချစ်နေလို့ပါပဲ....
--------------------------------
#နှိုင်းရင့်နွေ
Ref: General Knowledge
No comments:
Post a Comment