Wednesday, August 3, 2016

သင်ဒါတွေသိပြီလား

၁) ကလေးတွေဟာ နွေဦးရာသီမှာ ပိုပြီးမြန်မြန်ထွားလာကြပါတယ်....

၂) နွားနို့ကို ချေဖျက်ဖို့ လူသားတွေရဲ့ အစာအိမ်ဟာ တစ်နာရီအချိန်ယူရပါတယ်...

၃) သင့်အစာအိမ်ဟာ နှစ်ပတ်တစ်ခါ အရိအချွဲအသစ်တွေကို ထုတ်ပေးဖို့လိုပါတယ်... ဒါမှမဟုတ်ရင်တော့ အစာအိမ်ဟာ သူ့ကိုယ်သူပြန်ချေဖျက်ပါလိမ့်မယ်....

၎) လူတစ်ယောက်စကားပြောဖို့ မတူညီတဲ့ ကြွက်သား ၇၂ ခုက အလုပ်လုပ်ဆောင်ပေးရပါတယ်....

၅) အရွယ်အစားနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အသန်မာဆုံးကြွက်သားကတော့ လျှာပါပဲ...

၆) စာလုံးသုံးလုံးသာပါတဲ့ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်း ၁၀ မျိုးကတော့ မျက်လုံး (eye)၊ မေးရိုး (jaw) ၊ လက်မောင်း (arm) ၊ ခြေထောက် (leg) ၊ နံရိုး (rib) ၊ တင်ပါး (hip) ၊ နားရွက် (ear) ၊ ခြေချောင်း (toe) ၊ နှုတ်ခမ်း (lip) နဲ့ သွားဖုံး (gum) တို့ဖြစ်ကြပါတယ်...

၇) အကယ်လို့သင်ဟာ မျက်လုံးတစ်လုံးမမြင်နိုင်တော့ဘူးဆိုရင် သင့်အမြင်အာရုံရဲ့ ငါးပုံတစ်ပုံသာဆုံးရှုံးပါတယ်... ဒါပေမဲ့ အနက် (ဇောက်)ကို တော့ ခံစားသိမြင်နိုင်ခြင်းမရှိတော့ပါဘူး....

၈) သင်မွေးဖွားလာတုန်းက အရိုးပေါင်း ၃၀၀ ပါရှိပါတယ်... အရွယ်ရောက်တဲ့အချိန်မှာတော့ ၂၀၆ ခုပဲရှိပါတော့တယ်...

၉) သင့်နားရွက်နဲ့ နှာခေါင်းဟာ အမြဲတမ်းကြီးထွားနေပါတယ်...

၁၀) သင့်လက်ချောင်းတွေရဲ့ အရှည်ဟာ သင့်လက်သည်းတွေကြီးထွားနှုန်း ကိုဖော်ပြပေးနိုင်ပါတယ်... လက်ခလည်လက်သည်းဟာ အမြန်ဆုံးရှည်ထွက်နိုင်ကြပါတယ်... ပျမ်းမျှအားဖြင့်ဆိုရင်တော့ ခြေသည်းတွေဟာ လက်သည်းရှည်နှုန်းရဲ့ တစ်ဝက်လောက်ရှိပါတယ်...

၁၁) အရွယ်ရောက်ပြီးသား ကျန်းမာသူတစ်ဦးဟာ လေတစ်ခါရှူသွင်းလိုက်တိုင်း ၂၀၀ ကနေ ၃၀၀ ကုဗလက်မ (၃.၃ မှ ၄.၉ လီတာ) ရှိတဲ့ လေဟာ ကိုယ်ခန္ဓာထဲကို ဝင်ရောက်သွားပါတယ်... ဒါပေမဲ့ ဒီလေပမာဏရဲ့ ၅ ရာခိုင်နှုန်းကိုပဲ အသုံးပြုပါတယ်...

၁၂) စက္ကန့်တိုင်းမှာ လူကိုယ်ခန္ဓာမှာရှိတဲ့ သွေးဆဲလ်ပေါင်း ၁၅ သန်း ပျက်စီးနေပါတယ်...

၁၃) လူတွေဟာ ဘဝတစ်လျှောက်လုံးမှာ ပျမ်းမျှအားဖြင့် ၁၈ ကီလိုဂရမ် (ပေါင် ၄၀) ရှိတဲ့ အရေပြားတွေကို လဲလှယ်အသုံးပြုကြပါတယ်...
----------------------------------------------------
#နှိုင်းရင့်နွေ
Ref: Interesting Amazing Facts

No comments:

Post a Comment