ကျွန်တော်တို့ဟာ
နေ့စဉ်နဲ့အမျှ သောကတွေ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်...
မဖြစ်လာသေးတာအတွက်လည်း စိုးရိမ်ပူပန်ရပါတယ်... လက်ရှိကြုံနေရတာတွေအတွက်လည်း ပူရပန်ရပါသေးတယ်... နောက်ဖြစ်လာမှာတွေအတွက်လည်း တွေးပြီးပူနေရပါတယ်... ဒီသောက အပူတွေက ကျွန်တော်တို့ကို နေ့စဉ်နဲ့အမျှ လောင်မြိုက်ဝါးမြိုနေပါတယ်. .. ကိုယ်လုပ်ခဲ့တဲ့ အရာတစ်ခုရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာဦးမှာလဲဆိုပြီး တွေးပူရပါတယ်... အရင်ကဖြစ်ဖူးတာတွေ.. မှားခဲ့တာတွေ.. မျက်နှာပျက်ခဲ့ရတာတွေ... အခွင့်အရေးဆုံးရှုံးခဲ့ရတာတွေကို
ပြန်တွေးပြီး နောင်တရပါတယ်... လက်ရှိလုပ်နေတဲ့အလုပ်မှာ
မှားယွင်းသွားမလား... ကိုယ်ပြောလိုက်တာ လွန်သွားပြီလား...
ပတ်ဝန်းကျင်ကတစ်မျိုးမြင်မလား...
အထက်လူကြီးက လက်ခံပါ့မလား... လက်အောက်ငယ်သားတွေက ဘယ်လိုထင်မလဲ...
တခြားသူတွေက ဘယ်လိုမြင်မလဲ... အောင်မြင်နိုင်ပါ့မလား...
အကျိုးကောရှိပါ့မလား... စတဲ့သံသယတွေနဲ့လည်း ပူပင်သောကရောက်ရပါတယ်...
နောင်ကျရင် ဘာဖြစ်လာမလဲ... ဘယ်လိုဖြစ်လာမလဲ... အဲ့ဒီအချိန်ကိုယ်အဆင်ပြေပါ့ မလား... ကိုယ့်မိသားစုကော အဆင်ပြေပါ့မလား... အသက်ကြီးရင် ငွေကြေးခိုင်ခိုင်မာမာရှိပါ့ မလား... မရှိရင်ဘယ်လိုလုပ်ရမလဲ... သားသမီးတွေကကော အားကိုးရပါ့မလား... စသဖြင့် တွေးပူစရာတွေလည်းရှိပါတယ်.. .
ဒီသောကတွေကို ခွဲခြမ်းစိစစ်ကြည့်ရင် သုံးမျိုးတွေ့ရပါတယ်... အတိတ်ကအကြောင်းအရာတွေအတွက် ပူပန်ရတာရယ်... ပစ္စုပ္ပန်မှာ ပူပန်နေရတာရယ်... အနာဂတ်အတွက်ပူပန်ရတာရယ်ပါပဲ ... တစ်နည်းပြောမယ်ဆိုရင် နောင်တရယ်... သံသယရယ်... စိုးရိမ်ကြောင့်ကျမှုရယ်ပါပဲ ...
နောင်တဆိုတာကတော့ လုပ်သင့်တာကို မလုပ်မိတဲ့အတွက် မလုပ်သင့်တာကို
လုပ်မိတဲ့အတွက်ဖြစ်တဲ့ ပူပင်သောကပါပဲ... ကျွန်တော်တို့ဘဝမှာ
အတော်များများလည်း နောင်တရဖူးကြပါတယ်... ငါတော့လုပ်ပြီးရင် ဘယ်တော့မှ
နောင်တမရဘူးလို့ ကြွေးကြော်နေတဲ့သူတွေဟာ ကိုယ့်အမှားကို ဝန်မခံချင်လို့
ဇွတ်ငြင်းနေကြတာပါ... အမှားကို အမှားမှန်းသိတဲ့နေ့တော့
နောင်တဆိုတာပေါ်လာစမြဲဖြစ်ပါ တယ်... နောက်တစ်ချက်ဖြစ်တဲ့ သံသယကတော့ ယုံကြည်မှုမရှိတာကနေစပါတယ်.. . ကိုယ့်ကိုယ်ယုံကြည်မှုမရှိဘူး... ကိုယ့်အတတ်ပညာကိုယုံကြည်မှု မရှိဘူး... ကိုယ့်လုပ်ဆောင်ချက်ကိုယြုံ ကည်မှုမရှိဘူး... ကိုယ့်လက်အောက်ငယ်သား... မိတ်ဆွေအပေါင်းအသင်းတွေအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် သံသယက ဝင်လာတတ်ပါတယ်... နောက်ဆုံးအချက်ကတော့ စိုးရိမ်ကြောင့်ကျမှုပါပဲ... ဒါကတော့ မမြင်နိုင်သေးတဲ့အရာတွေ... မဖြစ်လာသေးတဲ့အရာတွေကို တွေးပြီး ဖြစ်တဲ့ ပူပင်သောကတစ်မျိုးဖြစ်ပါတယ် ... ကိုယ်ချစ်ခင်မြတ်နိုးတဲ့အရာ တွေ... ကိုယ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေ ပြိုလဲပျက်သုဉ်းသွားမှာ... ကိုယ်မျှော်မှန်းထားတဲ့ အခြေအနေကနေပြောင်းလဲသွားမှာ မျိုးကို တွေးပြီးဖြစ်လာတဲ့ ပူပင်သောကမျိုးပါပဲ...
ဒီပူပင်သောကတွေကို ဖြေရှင်းနိုင်မယ့် အတွေးအခေါ်လေးကို ဒီနေရာမှာဆွေးနွေးချင်ပါတယ် ... ပထမဆုံး ကျွန်တော်တို့မှာ လက်ရှိပြဿနာရှိနေသလားဆိုတာ စဉ်းစားကြည့်ပါ... မရှိဘူးဆိုရင် စိုးရိမ်စရာပူပန်စရာမလိုတော့ ပါဘူး... နောင်ဖြစ်လာမှာတွေးမိလို့ဆိုပြီး ပူပန်တတ်တဲ့သူတွေလည်း ရှိပါလိမ့်မယ်... စိုးရိမ်ပူပန်ရပြီဆိုကတည်းက ပြဿနာရှိနေတယ်ဆိုတဲ့ အခြေအနေရောက်သွားပါပြီ... ဒါဆိုရင် အဲ့ဒီပြဿနာကို ကိုယ်ဖြေရှင်းနိုင်သလားဆိုတာ စဉ်းစားကြည့်ပါ... ဖြေရှင်းနိုင်တယ်ဆိုရင် ဘာလို့ စိုးရိမ်ပူပန်သောက ရောက်နေတော့မှာလဲ... ဖြေရှင်းလိုက်ရင်ပြီးသွားပါ ပြီ... မဖြစ်သေးတဲ့ကိစ္စဆိုရင်လည်း ကြိုတင်ကာကွယ်နိုင်ရင် ပြီးပါပြီ... အဲ့လိုမဟုတ်ဘဲ ကိုယ်က မဖြေရှင်းနိုင်ပြန်ဘူးဆိုပါ စို့... ကိုယ်ကိုယ်တိုင်ဘာမှလုပ်လို့ မရတဲ့
ကိစ္စကို ဘာအကြောင်းနဲ့မှ ပူပန်နေဖို့မလိုပါဘူး... ကျွန်တော်တို့
ဘယ်လောက်စိုးရိမ်ပူပန်နေနေ ပြဿနာက မပြေလည်သွားပါဘူး... အဲ့ဒါဆိုဘာလို့
ပူပင်သောကရောက်နေတော့မှာလဲ. .. ပူပင်လို့ပြေလည်သွားတယ်ဆိုရ င်တော့ ထိုင်ပြီးပူပင်နေတော့မှာပေါ့ ... အဲ့လိုစဉ်းစားကြည့်ရင် ဘဝမှာ ပူပင်သောကရောက်နေစရာဘာမှမရှိတော့ပါဘူး...
တကယ်တော့ ကျွန်တော်တို့တွေဟာ တကယ်မဖြစ်နိုင်တဲ့ မဖြစ်သေးတဲ့အရာတွေမှာ ပူပင်တတ်ကြပါတယ်... ကိုယ်ကပူပန်နေလို့လည်း ဖြစ်လာမဖြစ်လာမသေချာပါဘူး.. . ဒီလိုအခြေအနေမှာ သောကရောက်နေလည်းမထူးပါဘူး.. . ဥပမာ ကမ္ဘာပျက်မယ်ဆိုပြီး တွေးပူတတ်ကြပါတယ်... ကမ္ဘာတကယ်ပျက်မယ်ဆိုရင် မပျက်အောင် ဘယ်သူမှမလုပ်နိုင်ပါဘူး.... အဲ့ဒီတော့ ပူပင်နေလို့လည်း မထူးပါဘူး... နောက်ပြီးတော့ အတိတ်ကကိစ္စတွေအတွက် ပူပင်သောကရောက်ကြပြန်ပါတယ်. .. အတိတ်မှာ မှန်တာပဲလုပ်ခဲ့ပါစေ မှားတာပဲလုပ်ခဲ့ပါစေ ကျွန်တော်တို့ ပြန်ပြင်လို့မရတော့ပါဘူး...
ပြန်ပြင်လို့မရတဲ့ကိစ္စကို တွေးပြီးနောင်တရနေရင်လည်း ဘာမှမထူးပါဘူး...
ကိုယ့်အမှားကို သိရပါမယ်... လက်ခံရပါမယ်... ပြီးတော့
နောက်မမှားအောင်နေမယ်... ဒီနည်းလမ်းကပဲ အဖြေဖြစ်ပါတယ်... နောက်တစ်ခုက
လက်ရှိလုပ်နေသမျှကိုလည်း သံသယဝင်ပြီး ပူပန်နေတတ်ကြပြန်ပါတယ်...
ကိုယ်လုပ်တဲ့အလုပ်ကို သေချာသိရင် ဒီလိုသံသယတွေဝင်စရာမလိုပါဘူး...
မလုပ်လို့မရတဲ့အခြေအနေမှာ အလုပ်ကတော့ လုပ်ရမှာပါပဲ...
လုပ်နေရင်းစိတ်ညစ်နေရင် သောကရောက်နေရင် အလုပ်လည်းမပြီးပါဘူး...
အမှားတွေပိုများလာပါလိမ့်မယ်... အဲ့တော့ အလုပ်ကို ယုံယုံကြည်ကြည်ရဲရဲဝံ့ဝံ့နဲ့  ဂရုတစိုက်လုပ်ရင် ဘာပူပင်သောကမှ ဝင်လာစရာအကြောင်းမရှိပါဘူး. ..
ပူပင်သောကတွေကို တိုက်ဖျက်နိုင်ဖို့အတွက်ကတော့ လက်ရှိအခြေအနေကို အကောင်းဆုံးလုပ်ဖို့ပဲလိုပါ တယ်... လုပ်သင့်တာကို လုပ်မယ်... မလုပ်သင့်တာကိုမလုပ်ဘူး... ဒါဆိုရင် အတိတ်အတွက် နောင်တရပြီး ပူပန်နေရတာမျိုးမရှိလာနိုင် တော့ပါဘူး... ပြီးတော့ ကိုယ့်အလုပ်ကို ကျွမ်းကျင်အောင် ကိုယ့်ကိုယ်ယုံကြည်မှုရှိအော င် ကြိုးစားရပါမယ်... လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ထိုက်သင့်တဲ့ ယုံကြည်မှုထားရပါမယ်... ယုံကြည်ရတဲ့သူတွေနဲ့ပဲ လက်တွဲလုပ်ဆောင်သင့်ပါတယ်.. . ဒါဆိုရင် ကိုယ်လုပ်နေသမျှကို သံသယဝင်ပြီး ပူပန်နေစရာအကြောင်းမရှိတော့ ပါဘူး... လုပ်သင့်တာကို လုပ်ပြီး မလုပ်သင့်တာကိုမလုပ်တဲ့သူ.. .
ကိုယ့်အလုပ်ကို ယုံယုံကြည်ကြည် တာဝန်ကျေကျေလုပ်တဲ့သူရဲ့ အနာဂတ်ဟာလည်း
မကောင်းလာစရာ အကြောင်းမရှိပါဘူး... အောင်မြင်တဲ့ဘဝ...
တိုးတက်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မယ်....
ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မှာ သေချာပါတယ်...
အဲ့ဒီတော့ စိုးရိမ်ပူပန်မှု.. နောင်တနဲ့ သံသယဆိုတဲ့ ပူပင်သောကတွေကို
တိုက်ဖျက်နိုင်ဖို့အတွက် ကိုယ့်ရဲ့ လက်ရှိအချိန်ကို
အကျိုးရှိရှိအသုံးချပြီး အောင်မြင်တဲ့ဘဝကို ရယူပိုင်ဆိုင်နိုင်ဖို့
ယုံယုံကြည်ကြည်လုပ်ဆောင်သွားဖို့လိုအပ်ကြောင်း တင်ပြဆွေးနွေးလိုက်ရပါတယ်.. .
-------------------------- -------------------------- ----------
#နှိုင်းရင့်နွေ
ဒီသောကတွေကို ခွဲခြမ်းစိစစ်ကြည့်ရင် သုံးမျိုးတွေ့ရပါတယ်... အတိတ်ကအကြောင်းအရာတွေအတွက် ပူပန်ရတာရယ်... ပစ္စုပ္ပန်မှာ ပူပန်နေရတာရယ်... အနာဂတ်အတွက်ပူပန်ရတာရယ်ပါပဲ
ဒီပူပင်သောကတွေကို ဖြေရှင်းနိုင်မယ့် အတွေးအခေါ်လေးကို ဒီနေရာမှာဆွေးနွေးချင်ပါတယ်
တကယ်တော့ ကျွန်တော်တို့တွေဟာ တကယ်မဖြစ်နိုင်တဲ့ မဖြစ်သေးတဲ့အရာတွေမှာ ပူပင်တတ်ကြပါတယ်... ကိုယ်ကပူပန်နေလို့လည်း ဖြစ်လာမဖြစ်လာမသေချာပါဘူး..
ပူပင်သောကတွေကို တိုက်ဖျက်နိုင်ဖို့အတွက်ကတေ
--------------------------
#နှိုင်းရင့်နွေ

No comments:
Post a Comment