ဆဲလ်ဖုန်းအန္တရာယ်ကာကွယ်ရေးအတွက် ထိပ်တန်းနည်းလမ်း (၁၀) ခု
၁)
Handset ကို ဖြစ်နိုင်မယ်ဆိုရင် သင့်ဦးခေါင်းနဲ့ ၂ လက်မကနေ ၇
လက်မလောက်အဝေးမှာထားပါ... ဒါမှမဟုတ်ရင် loudspeaker ဖွင့်ပြီးပြောပါ...
ဒီလိုလုပ်ခြင်းအားဖြင့် ဦးနှောက်ဆီကို လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုသိသိသာသာ ကျဆင်းစေပါလိမ့်မယ်...
၂) အိပ်ပျော်နေတဲ့အချိန် သင့်ဆဲလ်ဖုန်းကို ဦးခေါင်းအနီးမှာမထားပါနဲ့... အိပ်ရာဝင်တဲ့အခါ ဖုန်းပိတ်ထားပါ... ဒါမှမဟုတ်ရင် သင့်ဦးခေါင်းနဲ့ ၁.၈ မီတာ (၆ ပေ) အကွာလောက်မှာထားပါ...
၃) သင့်အိတ်ကပ်ထဲမှာ ဖုန်းကိုထည့်ထားမယ်ဆိုရင် ခလုတ်ပါတဲ့ဘက် ဒါမှမဟုတ်
screen ပါတဲ့ဘက်ကို သင့်ဘက်မှာထားပါ... ဒါမှ အင်တင်နာက သင့်ခန္ဓာကိုယ်ရဲ့
အပြင်ဘက်မှာရောက်နေပြီး ထုတ်လွှင့်လိုက်တဲ့ လှိုင်းတွေ
တိုက်ရိုက်မထိနိုင်မှာဖြစ်ပါတယ်... (အင်တင်နာကဘယ်နေရာမှာရှိလဲဆိုတာကို ဖုန်းရဲ့ manual စာအုပ်တွေမှာ ကြည့်ရင်သိနိုင်ပါတယ်...)
၎) ကိုယ်ဝန်ဆောင်တွေ ဆဲလ်ဖုန်းမသုံးသင့်ပါဘူး... သန္ဓေသားရဲ့ ဖွံ့ဖြိုးဆဲအင်္ဂါတွေဟာ လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုဒဏ် ခံရတာရဲ့ အကျိုးဆက်တွေအပေါ် အရမ်းကိုထိခိုက်ခံစားလွယ်ပါတယ်...
၅) မော်တော်ယာဉ်တွေထဲမှာ... ဓာတ်လှေခါးထဲမှာ... လေယာဉ်ပေါ်မှာ... ရထားပေါ်မှာနဲ့ တခြားသောသတ္တုတွေဝန်းရံနေတဲ့ နေရာမျိုးတွေ မှာ ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်... ဒီလိုနေရာတွေဟာ လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုကို မြင့်မားစေပါတယ်... ဆိုင်ကယ်ဦးထုပ်ဆောင်းထားရင်း ဖုန်းကိုဦးထုပ်ထဲထည့်ပြောတာဟာလည်း အလားတူအန္တရာယ်ရှိပ်တယ်...
၆) ကြိုးနဲ့ချိတ်ဆက်ထားတဲ့ ရိုးရိုး headset တွေကိုလည်း အသုံးမပြုပါနဲ့...
အကယ်လို့ headset တွေကိုသုံးမယ်ဆိုရင် Air tube Ferrite Bead headset
တွေကိုသုံးပါ... Blue tooth တွေဟာ သာမန်ဆဲလ်ဖုန်းတွေက
လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှင့်တာရဲ့
အပုံတစ်ရာပုံတစ်ပုံပဲ ထုတ်လွှင့်တဲ့အတွက် အသုံးပြုဖို့ ပိုသင့်တော်ပါတယ်...
ပုံမှန် headset တွေဟာ သင့်နားရွက်နားမှာ ဖုန်းကပ်ပြီးပြောတာထက်
လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှု ၃ ဆ ပိုများပါတယ်.... (ရိုးရိုးကြိုးနဲ့ချိတ်ထားတဲ့ earphone ဒါမှမဟုတ် headset က ဖုန်းရဲ့အင်တင်နာဘေးကဖြတ်သွားတဲ့အခါမှာ လျှပ်စစ်သံလိုက်လှိုင်းတွေက ကြိုးထဲကိုစီးဝင်ပါတယ်... ဒါကြောင့်ဦးနှောက်ကို သာမန်ဖုန်းပြောတာထက်ပိုထိခိုက်နိုင်ပါတယ်...
Ferrite Beads တွေကတော့ လှိုင်းဖြာထွက်မှုရဲ့ ၉၉ ရာခိုင်နှုန်းကျော်ကို
လျှော့ချပေးနိုင်ပါတယ်... သူကတော့ ကြိုးမှာ တပ်ထားတဲ့ ဆလင်ဒါပုံ
အလုံးလေးပါပဲ...)
၇) လက်ရှိကာလမှာ ကလေးငယ်တွေသေဆုံးမှုတွေအနက် ဦးနှောက်အတွင်း အကြိတ်ဖြစ်ပွားမှုကြောင့် သေဆုံးရတာက ဒုတိယလိုက်နေတာဖြစ်တဲ့အတွက် အသက် ၁၅ နှစ်အောက် ကလေးတွေကို ဆဲလ်ဖုန်းလုံးဝအသုံးမပြုစေသင့်ပါဘူး....
၈) မွေးဖွားစကလေးတွေနဲ့လည်း ဆဲလ်ဖုန်းကိုဝေးဝေးထားသင့်ပါတယ်... လျှပ်စစ်သံလိုက်လှိုင်းတွေဟာ ပါးလွှာတဲ့ ဦးခေါင်းခွံကိုဖြတ်ပြီး ကလေးရဲ့ဦးနှောက်ထဲကို ပိုမိုလွယ်ကူစွာဖြတ်သွားနိုင်တာကြောင့် ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်...
၉) သင့်ဘောင်းဘီအိတ်ကပ်ထဲမှာ ဖုန်းထည့်ထားပြီး အသုံးမပြုသင့်ပါဘူး...
လှိုင်းဖြာထွက်မှုတွေက သင့်ရဲ့ မျိုးပွားစနစ်တွေကို ထိခိုက်စေနိုင်ပါတယ်...
သင့်မှာ နှလုံးအလုပ်လုပ်ပုံမှန်ဖို့ထိန်းပေးတဲ့စက် (pacemaker) ထည့်သွင်းထားရတယ်ဆိုရင် ရင်ဘတ်အိတ်ကပ်ထဲမှာလည်း မထည့်ပါနဲ့...
၁၀) ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုရင် Specific Absorption Rate
လို့ခေါ်တဲ့ SAR တန်ဖိုးကို စစ်ဆေးပါ... SAR တန်ဖိုးနိမ့်လေလေ ဂဏန်းငယ်လေလေ
ပိုကောင်းလေလေပါပဲ... ဥပမာအားဖြင့် Motorola ရဲ့ Razr V3x မှာဆိုရင် SAR
တန်ဖိုးက 0.14 ပဲရှိပါတယ်... ဒါဟာ သိရသလောက်တော့
အနိမ့်ဆုံးတန်ဖိုးဖြစ်ပါတယ်... (SAR တန်ဖိုးဆိုတာ လျှပ်စစ်သံလိုက်လှိုင်းတွေကို ကိုယ်ခန္ဓာကစုပ်ယူတဲ့နှုန်းကိုဖော်ပြတာပါ....
ဖုန်းတွေအတွက် SAR တန်ဖိုးကို အမေရိကန် Federal Communication
Commission-FCC က 1.6 W/kg အောက် သတ်မှတ်ပေးထားပါတယ်... အိန္ဒိယမှာလည်း 1.6
W/kg အထိ သတ်မှတ်ထားတယ်လို့သိရပါတယ်... တရုတ်ဖုန်းတွေ ဈေးပေါပေါနဲ့ရရင်အရမ်းဝမ်းမသာပါနဲ့ဦး... သူတို့ရဲ့ SAR တန်ဖိုးနဲ့ ဘယ်ကစမ်းသပ်စစ်ဆေးအတည်ပြုထားတာလဲဆိုတာကို အရင်လေ့လာသင့်ပါတယ်... ကိုယ့်ကျန်းမာရေးလောက် ဘာမှတန်ဖိုးမရှိပါဘူး...)
#နှိုင်းရင့်နွေ
----------------------------------------------------------------
Ferrite Beads တွေအကြောင်းနဲ့ ဖုန်းကလှိုင်းဖြာထွက်မှုတွေအကြောင်းလေ့လာချင်ရင် - http://simultalk.homestead.com/FerriteBead.html
SAR တန်ဖိုးအကြောင်းလေ့လာချင်တယ်ဆိုရင် - http://en.wikipedia.org/wiki/Specific_absorption_rate
ဒီကနေ့ခေတ် SAR တန်ဖိုး အနိမ့်ဆုံး.. အမြင့်ဆုံးဖုန်းတွေနဲ့ iPhone တွေရဲ့ SAR တန်ဖိုးတွေ - http://cellphones.procon.org/view.resource.php?resourceID=003054
Ref - http://www.medindia.net/health_statistics/health_facts/top-ten-cell-phone-safety-facts-print.htm
No comments:
Post a Comment