Friday, August 5, 2016

သင်ဒါတွေသိရဲ့လား

၁) တရုတ်ပြည်မှာရှိတဲ့လူတွေကို တစ်ယောက်တန်းစီခိုင်းပြီး သင်ရေတွက်မယ်ဆိုရင် ဘယ်လိုမှရေတွက်နိုင်မှာမဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ သင်ရေတွက်လို့မပြီးခင် နောက်ထပ်လူတွေ ထပ်မွေးဖွားလာဦးမှာဖြစ်လို့ပါပဲ...

၂) ကျွန်တော်တို့ရဲ့ နေ့အဖွဲ့အစည်းမှာ အအေးဆုံးနေရာဟာ ပလူတိုဂြိုဟ်မဟုတ်ပါဘူး... ထရီတန်လို့ခေါ်တဲ့ နက်ပ်ကျွန်းဂြိုဟ်ရဲ့ လတစ်စင်းဖြစ်ပါတယ်...

၃) တောင်အာဖရိကမျောက်တစ်ကောင်ဟာ ပထမကမ္ဘာစစ်တုန်းက ဆုတံဆိပ်ချီးမြှင့်ခံရဖူးပြီး တပ်ကြပ်အဆင့်ထိ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရဖူးပါတယ်...

၎) ကြိုးဆွဲချသေမှုတွေဟာ ခင်ပွန်းဇနီးသည်တွေ နာမကျန်းဖြစ်တာ... သေဆုံးတာတွေ... ကွာရှင်းပြတ်စဲရတာတွေ... လင်မယားခွဲနေရတာတွေ... အချုပ်အနှောင်ခံရ ထောင်ကျရတာတွေ... ဆွေမျိုးအရင်းအချာမိသားစုဝင်တွေ သေဆုံးတာတွေနဲ့ ဆက်စပ်ပြီးဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပါတယ်...

၅) ဂျင်းဘောင်းဘီအပြာရောင်ကို Levi Strauss က ၁၈၅၀ ကျော်ကာလက တီထွင်ခဲ့ပါတယ်... ဒါက လူနာမည်ပါ ကုမ္ပဏီနာမည်မဟုတ်ပါဘူး...

၆) လီယိုနာဒိုဒါဗင်ချီဟာ တစ်ချိန်ထဲတစ်ပြိုင်ထဲမှာပဲ လက်တစ်ဖက်က စာရေးပြီး နောက်လက်တစ်ဖက်က ပန်းချီဆွဲနိုင်ပါတယ်...

၇) 1994 ခုနှစ်က ထွက်ရှိခဲ့တဲ့ Pulp Fiction ဇာတ်ကားမှာပါဝင်တဲ့အတွက် ကမ္ဘာကျော်မင်းသားကြီး ဂျွန်ထရာဗိုတာဟာ ဒေါ်လာတစ်သိန်းလေးသောင်းပဲရပါတယ်... အဲ့အချိန်အထိ သူက ဝင်ငွေမကောင်းသေးပါဘူး...

၈) ဘိုးရင်း-၇၄၇ ဂျက်လေယာဉ်ရဲ့ တောင်ပံနှစ်ဖက်ကြားအကွာအဝေးဟာ ရိုက်ညီနောင်တို့ ပထမဆုံးပျံသန်းခဲ့တဲ့ အကွာအဝေးထက် ပိုရှည်လျားပါတယ်...

၉) Wrigley ရဲ့ Juicy Fruit Gum ပီကေဟာ ဘားကဒ်တွေနဲ့ ထုတ်လုပ်ခဲ့တဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်ပြီး ၁၉၇၄ ဇွန်လက ၂၆ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်...

၁၀) အမေရိကန်တွေဟာ လားတွေအသုံးပြုပြီးတိုက်ခဲ့တဲ့စစ်ပွဲတိုင်း ဘယ်တော့မှ မရှုံးနိမ့်ခဲ့ပါဘူး...

#နှိုင်းရင့်နွေ
---------------------------------------------------------------
Source: Facts and GK+

No comments:

Post a Comment