Wednesday, August 3, 2016

ဟက်ကာအမျိုးအစားများ

ဟက်ကာအမျိုးအစား လေးမျိုးရှိပါတယ်... အဲ့ဒါတွေကတော့
၁) White Hat Hackers
၂) Grey Hat Hackers
၃) Black Hat Hackers
၎) Script kiddies တို့ပဲဖြစ်ပါတယ်...

၁) WHITE HAT HACKERS:
ဒီဟက်ကာအမျိုးအစားကတော့ ဗဟုသုတရှာဖို့ လေ့လာဖို့အတွက်ပဲ လုပ်ဆောင်တဲ့ ဟက်ကာအမျိုးအစားဖြစ်ပါတယ်.... သူတို့ဟာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ရည်ရွယ်လုပ်ဆောင်ခြင်း မရှိကြပါဘူး... သူတို့ကို အစိုးရဌာနများက ငှားရမ်းခန့်အပ်ကြပါတယ်....

၂) BLACK HAT HACKERS:
ဒီဟက်ကာအမျိုးအစားကတော့ ဖျက်လိုဖျက်ဆီးလုပ်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ ဟက်ကာတွေဖြစ်ပါတယ်... သူတို့ပစ်မှတ်ထားတဲ့စနစ်တွေကို ထိခိုက်မှားယွင်းစေဖို့လုပ်ဆောင်ကြပါတယ်....

၃) GREY HAT HACKERS:
ဒီဟက်ကာအမျိုးအစားဟာ Black Hat နဲ့ White Hat ဟက်ကာနှစ်မျိုးပေါင်းထားတဲ့ အမျိုးအစားဖြစ်ပါတယ်... သူတို့ကတော့ ပိုက်ဆံပေးနိုင်တဲ့ဘက်က လုပ်ဆောင်လေ့ရှိပါတယ်...

၎) SCRIPT KIDDIES:
ဒီဟက်ကာအမျိုးအစားရဲ့ ကျွမ်းကျင်မှုကိုတော့ အတိအကျသတ်မှတ်လို့မရပါဘူး... သူတို့ဟာ ကြေးစားဟက်ကာတွေကလုပ်ဆောင်ထားတဲ့ software တွေ... scripts တွေကိုအခြေခံအသုံးပြုပြီး လုပ်ဆောင်ကြပါတယ်... တခြားသူတွေလုပ်ထားတဲ့ tools တွေကို အသုံးပြုပြီး သူတို့လိုသလို လုပ်ဆောင်နိုင်အောင် ပြောင်းလဲအသုံးပြုတတ်တဲ့သူတွေလည်းဖြစ်ပါတယ်....
---------------------------------
#နှိုင်းရင့်နွေ
Ref: Daily Technology

No comments:

Post a Comment