အခွင့်အရေး ဆိုတဲ့စကားလုံးဟာ တကယ့်ကိုနှစ်လိုဖွယ်ကောင်းလှပါတယ်... အခွင့်အရေးရရှိတဲ့သူဟာ ကိုယ်ဖြစ်ချင်တဲ့အနေအထား... ကိုယ်လိုချင်တဲ့အရာတွေကို ရယူပိုင်ဆိုင်ဖို့ လက်တစ်ကမ်းအတွင်းရောက်ရှိနေ တာဖြစ်ပါတယ်... အခွင့်အရေးပေးသူတွေကို သဘောကျနှစ်သက်ပြီး ကျေးဇူးတင်တတ်ကြသလို အခွင့်အရေးတွေကိုပဲ ရှာဖွေဖန်တီးယူတတ်သူတွေကိုေ တာ့ အခွင့်အရေးသမားလို့ နာမည်တပ်ပြီး မုန်းတီးရွံရှာတတ်ကြပြန်ပါတ ယ်... ရရှိတဲ့အခွင့်အရေးကိုပိုင်ပိုင်နိုင်နိုင်အသုံးချပြီး အကျိုးရှိအောင်လုပ်နိုင်သူေ တွကို လူတော်လို့ ချီးမွမ်းတတ်ကြပြီး အခွင့်ကောင်းတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရသူတွေကိုတော့ အဖြစ်မရှိသူ လူညံ့တစ်ယောက်အဖြစ် ကဲ့ရဲ့ပြစ်တင်ကြပြန်ပါတယ်.. . အဲ့ဒီအခွင့်အရေးဆိုတဲ့အရာဟာ ကျွန်တော်တို့ဘဝတိုးတက်အောင်မြင်ရေးမှာ မဖြစ်မနေဖြတ်သန်းသွားရမယ့် တံခါးတစ်ချပ်လည်းဖြစ်ပါတယ်. ..
အခွင့်အရေးလို့ပြောတာနဲ့ လူတော်တော်များများက ရရှိ ရောက်ရှိလာမယ့်အရာလို့ ထင်တတ်ကြပြန်ပါသေးတယ်... အဲ့ဒီအများစုက အခွင့်အရေးမပေးမချင်း ဘာမှကြိုးစားမှုမရှိဘဲ အခွင့်အရေးကို စောင့်မျှော်နေကြပါတယ်... သူတို့ကတော့ သာမန်လူတွေပဲဖြစ်ပါတယ်.... တစ်ချို့လူတွေကတော့ အခွင့်အရေးရလာတဲ့အခါ အသင့်ဖြစ်အောင် ကိုယ့်ကိုယ်ပြင်ဆင်ပြီး စောင့်ဆိုင်းနေကြပါတယ်... ဒီလူတွေကို လူတော်တွေလို့သတ်မှတ်နိုင်ပါတယ်... အခွင့်အရေးရလာတဲ့အခါမှာ ထိထိရောက်ရောက်အကျိုးရှိရှိ အသုံးချပြီး အောင်မြင်မှုရယူနိုင်တဲ့သူမျိုးတွေဖြစ်ပါတယ်... တစ်ချို့ကတော့ အခွင့်အရေးဆိုတာ ရှာဖွေရတာလို့ ဆိုကြပါတယ်... ဒီလူတွေဟာ အခွင့်အရေးသမား လူပေါ်လူဇော်တွေဖြစ်ပါတယ်... သူတို့က အထိုက်အလျောက်အောင်မြင်ပေမဲ့  လူအများစုရဲ့ မလိုမုန်းထားခြင်းခံကြရပါတယ်...
တစ်ချို့တစ်ချို့သော အနည်းဆုံးလူတွေကတော့ အခွင့်အရေးဆိုတာ
ဖန်တီးယူရတဲ့အရာလို့ သိကြပါတယ်... အဲ့ဒီလိုဖန်တီးယူနိုင်မှသာ
အများနဲ့မတူတဲ့ဘဝ အများနဲ့မတူတဲ့ အခြေအနေမျိုးကို
ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်... အဲ့ဒီလူတွေကသာ လောကကြီးကို ဦးဆောင်သူတွေ... ခေတ်တွေစနစ်တွေကို ဖန်တီးတဲ့သူတွေဖြစ်နိုင်ပါတ ယ်...
အခွင့်အရေးကို စောင့်ဆိုင်းနေသူတွေအများကြီးရှိပေမဲ့ တကယ့်တကယ် အခွင့်အရေးရလာတဲ့အခါကျရင် အကျိုးရှိရှိအသုံးချနိုင်တဲ့ သူတော်တော်နည်းပါတယ်... အခွင့်အရေးစောင့်ဆိုင်းနေတု န်းမှာလည်း
တစ်ခုခုအဆင်မပြေဖြစ်တိုင်း အခွင့်အရေးမရလို့ဆိုတာကို
အကြောင်းပြတတ်ပါတယ်... အောင်မြင်နေသူတွေကတော့ အခွင့်အရေးရနေတယ်...
ကိုယ်ကတော့ အခွင့်အရေးမရလို့ မအောင်မြင်ဘူးဆိုပြီး ကိုယ့်ကိုဖြေဆေးပေးရင်း
ရောက်ရှိတဲ့နေရာလေးကိုပဲ ကျေကျေနပ်နပ်ဆွဲကိုင်ထားကြ ပန်ပါတယ်... အခွင့်အရေးအတွက်ပြင်ဆင်ထားသူတွေရှိသလို အခွင့်အရေးကို တမင်တကာလိုက်ရှာနေကြတဲ့သူတွေလည်းရှိပါတယ်...
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု လုံးဝမပါဘဲ တစ်ပါးသူဖန်တီးထားတာတွေကို
ကိုယ့်အခွင့်အရေးအဖြစ် ရယူတတ်ကြပါတယ်... အဲ့ဒီလိုအခွင့်အရေးသမားတွေလ ည်း လောကမှာ အထိုက်အလျောက် အောင်မြင်တတ်ကြပါတယ်... သူတို့ရယူဆုပ်ကိုင်နေတဲ့အခွင့်အရေးဟာ တကယ်တော့ ဖန်တီးထားတာလို့ မဆိုနိုင်ပါဘူး... လုယူထားတဲ့အခွင့်အရေးဖြစ်ပါ တယ်... ဒီလိုနည်းနဲ့ရလာတဲ့ အောင်မြင်မှုကလည်း ရေရှည်မတည်မြဲပါဘူး... ခိုင်မာတဲ့ရေရှည်အောင်မြင်မှုကို လိုချင်တယ်ဆိုရင်တော့ အခွင့်အရေးတွေကို ကိုယ်တိုင်ဖန်တီးယူဖို့လိုပါတယ်...
အခွင့်အရေးကိုဖန်တီးမယ့်သူတ စ်ဦးဟာ ကိုယ့်အကြောင်းကိုယ်သိဖို့လိုပါတယ်...
ကိုယ်ဘာကိုဝါသနာပါသလဲ... ကိုယ့်အားသာချက်... အားနည်းချက်ကဘာလဲ...
ကိုယ့်ကျွမ်းကျင်မှုက ဘာတွေရှိလဲ စတာတွေကို လေ့လာရပါမယ်...
အဲ့ဒီပေါ်အခြေခံပြီးမှ ကိုယ်ကျင်လည်ကျက်စားမယ့်နယ် ပယ်ကို
ရွေးချယ်ရပါမယ်... အဲ့ဒီနယ်ပယ်အလိုက် လိုအပ်မယ့် ကျွမ်းကျင်မှုတွေ...
အရည်အချင်းတွေနဲ့ တခြားလိုအပ်ချက်တွေကို ရှာဖွေဖြည့်ဆည်းထားရပါမယ်.. . လောကကို ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်လေလေ အခွင့်အရေးဖန်တီးနိုင်ချေ ပိုများလေဖြစ်ပါတယ်... အချက်အလက်စုံစုံလင်လင်ပေါ်အေ ခြခံပြီး ဖန်တီးထားတဲ့ အခွင့်အရေးကမှသာ ခိုင်ခိုင်မာမာရှိပါတယ်... ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခု ကို စနစ်တကျနဲ့ တစိုက်မတ်မတ်လေ့လာတဲ့အခါ အခွင့်အလမ်းတွေကိုမြင်လာပါလိမ့်မယ်... အဲ့ဒီအပေါ်အခြေခံပြီး ကိုယ့်ရည်မှန်းချက်ရောက်လာဖို့ အခွင့်အရေးတွေကို ဖန်တီးရပါမယ်... တကယ့်လောကကြီးဟာ ကျွန်တော်တို့ထင်ထားတာထက် အများကြီးပိုရှုပ်ထွေးလွန်းပါတယ်... ဒါကြောင့် ကျွန်တော်တို့ မမျှော်မှန်းထားတဲ့ အခြေအနေမျိုးကိုလည်း ရင်ဆိုင်လာရနိုင်ပါတယ်.. ဒီလိုမျိုးကြုံလာခဲ့ရင်လည်း ကိုယ့်အခွင့်အရေးကို မြဲမြဲဆုပ်ကိုင်ပြီး မတုန်မလှုပ် ရှေ့ဆက်ဖန်တီးဖို့လိုပါတယ်. .. အခွင့်အရေးနဲ့ အောင်မြင်မှုဆိုတာ လက်ဖမိုးနဲ့ လက်ဖဝါးလို တစ်သားထဲ တည်ရှိနေတာဖြစ်တဲ့အတွက် သင့်လက်က အခွင့်အရေးကိုမြဲမြဲမြံမြံဆုပ်ကိုင်နိုင်ပြီဆိုရင် အောင်မြင်မှုဟာ ကိုယ့်လက်ထဲရောက်လာပြီလို့ ဆိုနိုင်ပါတယ်....
အခွင့်အရေးကိုကိုယ်တိုင်ဖန် တီးယူသလို ရရှိလာတဲ့အခွင့်အရေးတွေကိုလ ည်း ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ဖို့လိုပါတယ်... ကိုယ့်ကိုယ်အခွင့်အရေးရနေလို့ ရနေမှန်းမသိတဲ့သူတွေအများကြီးရှိပါတယ်... အသက်ရှင်နေတာလည်း အခွင့်အရေးပါပဲ... ကျန်းမာနေတာလည်း အခွင့်အရေးပါပဲ... သင့်တင့်လျောက်ပတ်တဲ့ပညာကို တတ်မြောက်သင်ကြားခဲ့ရတာကလည်း အခွင့်အရေးပါပဲ... ထိုးထွင်းသိမြင်နိုင်စွမ်းရှိတာလည်း
အခွင့်အရေးဖြစ်သလို... လေ့လာလိုစိတ်ရှိတာကလည်း ထိရောက်ကောင်းမွန်တဲ့
အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်... ကိုယ်ရရှိတဲ့အရာ...
ကိုယ်ရပ်တည်နေတဲ့နေရာမျိုးမ ရောက်နိုင်တဲ့သူတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်... သူတို့နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သင်ဟာတကယ်ကံကောင်းသူတစ်ဦးပါပဲ... ဒီလိုအများမရနိုင်တဲ့ အခွင့်အရေးမျိုးကိုလည်း ပိုင်ပိုင်နိုင်နိုင်အကျိုး ရှိရှိ အသုံးချသင့်ပါတယ်... သူလိုငါလို ဘာသိဘာသာနဲ့ အကျိုးမရှိဘဲ အချိန်တွေကုန်ဆုံးသွားမယ်ဆိုရင် သင့်အခွင့်အရေးတွေလက်လွတ်လိုက်ရပါမယ်...
လောကမှာ အောင်မြင်နေတဲ့သူတွေကလည်း ကိုယ်ရရှိထားတဲ့
အခွင့်အရေးပေါ်အခြေခံပြီး ကိုယ်ဖြစ်ချင်တဲ့ အောင်မြင်မှုရရှိအောင်
ဖန်တီးယူခဲ့ရတာချည်းပါပဲ... အခွင့်အရေးတိုင်းကို မှန်မှန်ကန်ကန်အသုံးချနိုင် ဖို့သာ အရေးကြီးဆုံးဖြစ်ပါတယ်...
စာဖတ်နေတာကို ခဏရပ်ပြီး စဉ်းစားကြည့်လိုက်ပါ... သင့်ပတ်ဝန်းကျင်မှာ သင်သတိမမူမိခဲ့တဲ့... သတိမမူမိသေးတဲ့ အခွင့်အရေးတွေ အများအပြားတည်ရှိနေတာကို မြင်စေချင်ပါတယ်... ဒီအခွင့်အရေးတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ.... ကမ္ဘာကြီးကို သင်ဘာတွေလုပ်ပြချင်သလဲ... အရာအားလုံးဟာ သင့်လက်ထဲမှာ တည်ရှိနေပါတယ်... အခွင့်အရေးတိုင်းကို သိမြင်ပါ... ထိထိရောက်ရောက်အသုံးချပါ... သင်အသက်ရှင်နေသမျှ သင့်အတွက် အခွင့်အရေးတွေရှိနေဆဲဖြစ်ပါ တယ်... အခွင့်အရေးဆိုတဲ့တံခါးတစ်ချ ပ်ကို ခပ်ရဲရဲသာ ဆွဲဖွင့်လိုက်ပါ... အောင်မြင်မှုက သင့်ကိုဆီးကြိုနှုတ်ဆက်လာပါလိမ့်မယ်...
-------------------------- -------------------------- ------------
#နှိုင်းရင့်နွေ
အခွင့်အရေးလို့ပြောတာနဲ့ လူတော်တော်များများက ရရှိ ရောက်ရှိလာမယ့်အရာလို့ ထင်တတ်ကြပြန်ပါသေးတယ်... အဲ့ဒီအများစုက အခွင့်အရေးမပေးမချင်း ဘာမှကြိုးစားမှုမရှိဘဲ အခွင့်အရေးကို စောင့်မျှော်နေကြပါတယ်... သူတို့ကတော့ သာမန်လူတွေပဲဖြစ်ပါတယ်.... တစ်ချို့လူတွေကတော့ အခွင့်အရေးရလာတဲ့အခါ အသင့်ဖြစ်အောင် ကိုယ့်ကိုယ်ပြင်ဆင်ပြီး စောင့်ဆိုင်းနေကြပါတယ်... ဒီလူတွေကို လူတော်တွေလို့သတ်မှတ်နိုင်ပ
အခွင့်အရေးကို စောင့်ဆိုင်းနေသူတွေအများကြ
အခွင့်အရေးကိုဖန်တီးမယ့်သူတ
အခွင့်အရေးကိုကိုယ်တိုင်ဖန်
စာဖတ်နေတာကို ခဏရပ်ပြီး စဉ်းစားကြည့်လိုက်ပါ... သင့်ပတ်ဝန်းကျင်မှာ သင်သတိမမူမိခဲ့တဲ့... သတိမမူမိသေးတဲ့ အခွင့်အရေးတွေ အများအပြားတည်ရှိနေတာကို မြင်စေချင်ပါတယ်... ဒီအခွင့်အရေးတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ.... ကမ္ဘာကြီးကို သင်ဘာတွေလုပ်ပြချင်သလဲ... အရာအားလုံးဟာ သင့်လက်ထဲမှာ တည်ရှိနေပါတယ်... အခွင့်အရေးတိုင်းကို သိမြင်ပါ... ထိထိရောက်ရောက်အသုံးချပါ...
--------------------------
#နှိုင်းရင့်နွေ
No comments:
Post a Comment