သဘာဝနည်းလမ်းဖြင့်ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ကျန်းမာရေးအတွက် ကိုယ်အလေးချိန်လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...
၁) အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကယ်လိုရီအနည်းငယ်သာပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်... ဒါကြောင့် အဝလွန်တဲ့သူတွေဟာ ဒီအစားအစာတွေကို မကြာခဏပိုစားသင့်ပါတယ်....
၂) ဆားဟာ ခန္ဓာကိုယ်အလေးချိန်တိုးမြင့်ရတဲ့ အဓိကအကြောင်းတစ်ရပ် ဖြစ်တာကြောင့် ဆားအလွန်အကျွံစားသုံးခြင်းကလည်း ရှောင်ကျဉ်ရပါမယ်....
၃) နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေဟာလည်း
အဆီဓာတ်ကြွယ်ဝတာကြောင့် ရှောင်ကျဉ်သင့်ပါတယ်... အသားနဲ့ အသီးအရွက်မဟုတ်တဲ့
အစားအစာတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်...
၎) ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်....
၅) ကြက်ဟင်းခါးသီးနဲ့ ဒန့်ဒလွန်သီးတွေလို အသီးအနှံမျိုးတွေဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အသုံးတည့်ပါတယ်...
၆) ပျားရည်သောက်သုံးခြင်းဟာ အကောင်းဆုံးအိမ်တွင်းဖြစ် ကိုယ်အလေးချိန်လျှောချရေးနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်.. ပျားရည်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီပိုတွေကို ပုံမှန်လုပ်ငန်းတွေမှာသုံးနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးပါတယ်... ပျားရည်ကို စတင်သောက်သုံးတဲ့အခါမှာ ထမင်းစားဇွန်းတစ်ဇွန်းအပြည့်လောက်
ပမာဏကို ရေနွေးနဲ့ စသောက်သင့်ပါတယ်... မနက်ပိုင်းမှာသောက်တာက
ပိုကောင်းပါတယ်... ပြီးရင် လတ်ဆတ်တဲ့ ရှောက်သီးဖျော်ရည်
လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ကိုလည်း ထပ်သောက်ရပါမယ်...
၇) ဂေါ်ဖီထုပ်ကိုလည်း ထိရောက်တဲ့ ကိုယ်အလေးချိန်လျှော့ချမှုမှာ ထည့်သွင်းထားပါတယ်... ဂေါ်ဖီထုပ်ဟာ သကြားနဲ့ တခြားကာဘွန်ဟိုက်ဒရိတ်တွေကို အဆီအဖြစ်မပြောင်းလဲသွားအောင် ကာကွယ်ပေးပါတယ်... ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ ဂေါ်ဖီထုပ်က အများကြီးအကျိုးရှိပါတယ်.... ချက်ပြုတ်ပြီးပဲစားစား... အစိမ်းစားစား အဆင်ပြေပါတယ်...
၈) ကိုယ်အလေးချိန်လျှော့ချရေးစီမံချက်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်... ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို ပျော့ပြောင်းပြီး ကျန်းမာသန်စွမ်းစေပါတယ်... ပထမဆုံး လမ်းလျှောက်ခြင်းနဲ့စတင်သင့်ပြီး နောက်ပိုင်းမှာတော့ ပြေးတာ ရေကူးတာ လှေလှော်တာတွေကို တစ်ဆင့်ခြင်းလုပ်သွားနိုင်ပါတယ်...
၉) သံပုရာရည်ကလည်း ကိုယ်အလေးချိန်လျှော့ဖို့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်.. မနက်တိုင်း ဘာအစာမှမစားခင် သံပုရာရည်တစ်ဖန်ခွက်ကို ရေနွေးနဲ့ ပျားရည်တို့နဲ့ဖျော်ပြီး သောက်သုံးရပါမယ်...
၁၀) အစာမစားခင်တိုင်းမှာ သင်စားသောက်မယ့်ပမာဏကို တိုင်းတာပြီး
တတ်နိုင်သမျှ အနည်းဆုံးဖြစ်သင့်ပါတယ်... ဥပမာအားဖြင့် ထမင်းစားရမယ့်ပမာဏဟာ
သင့်လက်ထဲမှာဆုပ်ထားနိုင်လောက်တဲ့ ပမာဏထက်မပိုသင့်ပါဘူး... အစာအနည်းငယ်ကိုပဲ ၄ နာရီ ၅ နာရီခြားတစ်ခါလောက် ပုံမှန်စားမယ်ဆိုရင် သင့်ကိုယ်တွင်းအစာခြေချက်မှုလုပ်ငန်းစဉ်က ကောင်းမွန်စွာလုပ်ဆောင်နိုင်ပြီး စားလိုက်တဲ့အစားအစာကနေ အဆီတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်... ပုံမှန်လေ့ကျင့်ခန်းကိုလည်း နေ့စဉ်နေ့တိုင်း မဖြစ်မနေလုပ်မယ်ဆိုရင်တော့ သင့်ကိုယ်အလေးချိန်ဟာ သိသိသာသာကျဆင်းလာမှာဖြစ်ပါတယ်...
---------------------------------------------------------------
#နှိုင်းရင့်နွေ
Ref: General knowledge
No comments:
Post a Comment