Saturday, August 6, 2016

နိုင်ငံတကာအမျိုးသမီးများနေ့

မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပါတယ်... နိုင်ငံတကာအမျိုးသမီးများနေ့ (International Women's Day / IWD) ရဲ့ မူလနာမည်ကတော့ International Working Women's Day ဖြစ်ပါတယ်...

ဒီနေ့ဟာဒေသအသီးသီးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအောင်မြင်မှုတွေကို အလေးအမြတ်ချီးကျူးဂုဏ်ပြုဖို့ ရည်ရွယ်ကျင်းပကြတာဖြစ်ပါတယ်... စတင်ခဲ့တုန်းကတော့ ဆိုရှယ်လစ်နိုင်ငံရေးလုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ဥရောပအရှေ့ပိုင်း၊ ရုရှားနဲ့ ယခင်ဆိုဗီယက်နိုင်ငံများမှာ အားလပ်ရက်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်...

တစ်ချို့ဒေသတွေမှာတော့ နိုင်ငံရေးအနှစ်သာရတွေပျောက်ဆုံးသွားပြီး အမျိုးသားတွေက အမျိုးသမီးတွေအပေါ် သူတို့ရဲ့ မေတ္တာတရားကို ဖော်ကျူးပြသတဲ့ ပုံစံတစ်ရပ်အဖြစ် အသွင်ပြောင်းလာကြပါတယ်... အမေများနေ့တို့ ချစ်သူများနေ့တို့ လုပ်သလိုပါပဲ...

အနောက်နိုင်ငံတွေမှာတော့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၇၇ ခုနှစ် နောက်ပိုင်းမှာမှ ကုလသမဂ္ဂရဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်...

၂၀၁၃ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂက သတ်မှတ်ပေးထားတဲ့ ဦးတည်ချက်ဆောင်ပုဒ်ကတော့ "A promise is a promise: Time for action to end violence against women" (ဆိုခဲစေမြဲစေ... အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအဆုံးသတ်ဖို့ အချိန်တန်ပြီ) လို့ သိရပါတယ်...

#နှိုင်းရင့်နွေ
----------------------------------------------------------------
Ref: wikipedia.org

No comments:

Post a Comment