Thursday, August 4, 2016

အမေရိကန်နိုင်ငံနှင့် သေနတ်ပစ်ခတ်မှု


အမေရိကန်ပါဝင်ဆင်နွှဲခဲ့တဲ့စစ်ပွဲတွေမှာ သေဆုံးခဲ့ရတဲ့ အရေအတွက်ထက် 1968 ခုနှစ်ကနေစပြီး အမေရိကန်ပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့အရေအတွက်က ပိုများနေတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား...

သေနတ်ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး အမေရိကန်မှာ အတော်လေးအငြင်းပွားနေကြရပါတယ်...

သေနတ်တရားဝင်ကိုင်ဆောင်ခွင့်ပြုခြင်းဟာ မိမိကိုယ်ကို ကာကွယ်နိုင်သလို ဒုစရိုက်မှုတွေ.. သတ်ဖြတ်အကြမ်းဖက်မှုတွေဖြစ်ပွားဖို့ အဓိကအကြောင်းချက်တစ်ရပ်လည်းဖြစ်နေပါတယ်...

ဒီအတောအတွင်း သေနတ်တရားဝင်ကိုင်ဆောင်ခွင့်ကို ဥပဒေအရတားမြစ်မယ်လို့စီစဉ်တော့ ဝေဖန်ကန့်ကွက်သံတွေ သောသောညံသွားခဲ့ပါတယ်...

အမေရိကန်ဟာ ဟောလီဝုဒ်အက်ရှင်ဇာတ်ကားတွေထဲကလို လမ်းမလယ်မှာ ပစ်ကြခတ်ကြနဲ့ဖြစ်လာဖို့ အတော်နီးစပ်နေပါပြီ...

စစ်ပွဲတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခေတ်ပြောင်းတော်လှန်ရေးစစ်ပွဲကနေစပြီး အီရတ်စစ်ပွဲအထိ အမေရိကန်တွေသေဆုံးခဲ့ရတဲ့အရေအတွက်ဟာ 1171177 ဦးရှိပါတယ်...

ဒါတောင်စစ်ပွဲကြီးတွေမဟုတ်တဲ့ တခြားအရေးအခင်းတွေမှာ သေဆုံးခဲ့ရတဲ့ 362 ဦးကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသေးပါဘူး...

1968 ခုနှစ်ကစပြီး သေနတ်ပစ်ခတ်မှုတွေကိုကြည့်မယ်ဆိုရင် 2011 ခုနှစ်အထိ သေဆုံးသူစုစုပေါင်း 1384171 ဦးရှိပါတယ်...

ဒီအရေအတွက်ကတော့ လူသတ်မှုဖြစ်ပွားတာချည်းသက်သက်မဟုတ်ဘဲ ကိုယ့်ကိုယ်သတ်သေမှုတွေ.. မတော်တဆကျည်ထွက်သေဆုံးမှုတွေကိုပါ ထည့်သွင်းရေတွက်ထားတာဖြစ်ပါတယ်...

အမေရိကန်မှာ တစ်နှစ်ကို သေနတ်ပစ်ခတ်မှုပေါင်း တစ်သိန်းနီးပါးရှိပါတယ်....

သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်း 1384171 ဦးသာ အကယ်လို့ သေနတ်ကိုင်ဆောင်ထားကြမယ်ဆိုရင် သေဆုံးချင်မှသေဆုံးပါလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်...

ဒီအဆိုကြောင့် အမေရိကန်မှာ သေနတ်လက်ဝယ်ကိုင်ဆောင်သူတွေ များသထက် များလာဖို့ရှိနေပါတယ်....

အစမှာပြောခဲ့တဲ့အချက်ကို အဖြေရှာရမယ်ဆိုရင်တော့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ 1.4 သန်းနီးပါ အရေအတွက်ဟာ စစ်ပွဲတွေမှာ သေဆုံးခဲ့ရတဲ့ 1.2 သန်း အရေအတွက်နဲ့ နှိုင်းယှဉ်ရင် သိသိသာသာကိုများနေတာတွေ့ရမှာဖြစ်ပါတယ်...
-------------------------------------------
ဆက်လက်လေ့လာဖတ်ရှုလိုလျှင်
http://www.politifact.com/truth-o-meter/statements/2013/jan/18/mark-shields/pbs-commentator-mark-shields-says-more-killed-guns/

#နှိုင်းရင့်နွေ

No comments:

Post a Comment