Friday, August 5, 2016

သင်ဒါတွေသိရဲ့လား

၁) စိတ်ဖိစီးမှုခံစားနေရတဲ့ သူတွေဟာ သာမန်လူတွေထက် အအေးမိဖျားနာ မကြာခဏပိုဖြစ်လွယ်ကြပါတယ်..

၂) သင်နှာချေတဲ့ ပုံစံက မျိုးရိုးလိုက်ပါတယ်... ဆိုလိုတာကတော့ အဲ့ဒီပုံစံက သူ့မျိုးရိုးအလိုက် လက်ဆင့်ကမ်းလာတဲ့ ပုံစံပါပဲ...

၃) လူတွေဟာ ညအခါမှာ ပိုငိုတတ်ကြပါတယ်... ဘာကြောင့်လဲဆိုတော့ အိပ်မပျော်တာဟာ စိတ်ခံစားမှုကို ထိန်းချုပ်ရပိုခက်စေပါတယ်...

၎) အနီရောင်ဟာ နွားသိုးတွေကို စိတ်ရိုင်းဝင်လာအောင် မလုပ်နိုင်ပါဘူး... နွားသိုးတွေဟာ အရောင်တွေမခွဲနိုင်ပါဘူး...

၅) သင့်အိပ်မက်ထဲမှာ ဆီးသွားရင် အပြင်မှာလည်း ထွက်ကျပါလိမ့်မယ်...

၆) အစာကိုဝါးနေတုန်း စကားပြောတာဟာ သင့်နားတွေကို ရှင်းလင်းသွားအောင် လုပ်ပေးပါတယ်...

၇) အထီးကျန်ဆန်မှုဟာ သင့်ရဲ့ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်... မိတ်ဆွေအပေါင်းအသင်းတွေရှိတာဟာ သင့်ကိုယ်ခံအားစနစ်ကို ၇၀ ရာခိုင်နှုန်း ကောင်းမွန်စေပါတယ်...

၈) ဆေးရွက်ကြီးကထုတ်တဲ့ ပစ္စည်းတွေကြောင့် နှစ်စဉ် လူ ခြောက်သန်းနီးပါး သေဆုံးနေရပါတယ်... ဒါဟာ ၈ စက္ကန့်ကြာတိုင်း လူတစ်ယောက်ကို သေဆုံးစေတာပါပဲ...

၉) လက်သန်းကို ချိတ်ဆွဲပြီး ကတိပြုတဲ့ "Pinky Promise" ဟာ မူလတုန်းက ကတိချိုးဖောက်သူရဲ့ လက်သန်းကို ဖြတ်ပစ်မယ်ဆိုပြီး ကတိပြုတာက စခဲ့တာဖြစ်ပါတယ်...

၁၀) လူတိုင်းဟာ သူတို့နဲ့ လုံးဝမဖြစ်နိုင်တဲ့ သူတစ်ယောက်ယောက်ကို အနည်းဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် စိတ်လှုပ်ရှားခဲ့ဖူးပါတယ်...
----------------------------------------------------------------
#နှိုင်းရင့်နွေ
Source: Awesome Facts

No comments:

Post a Comment