Wednesday, August 3, 2016

ဝါရင်းဘတ်ဖက်

၁) ဝါရင်းဟာ သူ့ရဲ့ပထမဆုံးရှယ်ယာကို အသက် ၁၁ နှစ်မှာစတင်ဝယ်ယူခဲ့ပြီး အဲ့ဒါဟာ အတော်နောက်ကျခဲ့တယ်လို့ အခုထိနောင်တရနေဆဲပါပဲ...

၂) သတင်းစာလိုက်ပို့လို့ရတဲ့ငွေကိုစုပြီး အသက် ၁၄ နှစ်မှာ လယ်ကွက်လေးတစ်ကွက်ဝယ်ခဲ့ပါတယ်....

၃) လွန်ခဲ့တဲ့ နှစ်ငါးဆယ် သူ မင်္ဂလာဆောင်စဉ်တုန်းကဝယ်ခဲ့တဲ့ Omaha မြို့နဲ့မလှမ်းမကမ်းက အိပ်ခန်းသုံးခန်းပါတဲ့ အိမ်ငယ်လေးမှာပဲ အခုထိနေထိုင်နေဆဲဖြစ်ပါတယ်... သူကတော့ ဒီအိမ်မှာ သူလိုတာတွေ အကုန်ရှိတယ်လို့ပြောပါတယ်... သူ့အိမ်ဟာ တံတိုင်း ဒါမှမဟုတ် ခြံစည်းရိုးတစ်ခုတောင်မရှိပါဘူး....

၎) သူက ဘယ်သွားသွား ကားကို ကိုယ်တိုင်ပဲမောင်းပါတယ်... သူ့မှာ ယာဉ်မောင်းကော လုံခြုံရေးဝန်ထမ်းကော တစ်ယောက်မှ မထားပါဘူး...

၅) သူဟာ ကမ္ဘာ့အကြီးဆုံး သီးသန့်ဂျက်လေယာဉ်ကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားပေမဲ့ ဘယ်တော့မှ သီးသန့် ဂျက်လေယာဉ်နဲ့ ခရီးမသွားပါဘူး...

၆) သူ့ကုမ္ပဏီဖြစ်တဲ့ Berkshire Hathaway ဟာ ကုမ္ပဏီပေါင်း ၆၃ ခုကို ပိုင်ဆိုင်ပါတယ်... သူဟာ အဲ့ဒီ လက်အောက်ခံကုမ္ပဏီတွေရဲ့ CEO တွေဆီကို တစ်နှစ်မှစာတစ်စောင်ပဲရေးပြီး အဲ့ဒီနှစ်အတွက် ရည်မှန်းချက်ကိုချမှတ်ပေးပါတယ်... သာမန်ကိစ္စတစ်ခုအတွက်နဲ့ သူတို့ကို ဘယ်တော့မှ ခေါ်လည်းမခေါ်ပါဘူး... အစည်းအဝေးလည်းမလုပ်ပါဘူး...

၇) သူရဲ့ CEO တွေကို စည်းမျဉ်းနှစ်ခုပဲ သတ်မှတ်ထားပါတယ်... အဲ့ဒါတွေကတော့
>>> စည်းမျဉ်းနံပတ်(၁) >>> သင့်ရှယ်ယာရှင်တွေရဲ့ပိုက်ဆံကို နည်းနည်းမှအဆုံးအရှုံးမခံပါနဲ့
>>> စည်းမျဉ်းနံပတ်(၂) >>> စည်းမျဉ်းနံပတ်(၁)ကို မမေ့ပါနဲ့

၈) သူဟာ လူကုံထံအသိုင်းအဝိုင်းထဲ ကူးလူးဆက်ဆံခြင်းမပြုပါဘူး... အိမ်ပြန်ရောက်တဲ့အခါ လုပ်တာကတော့ ပြောင်းဖူးပေါက်ပေါက်စားပြီး ရုပ်မြင်သံကြားထိုင်ကြည့်တာပါပဲ....

၉) ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်တဲ့ ဘီလ်ဂိတ်ဟာ လွန်ခဲ့တဲ့ ငါးနှစ်က သူနဲ့ပထမဆုံးအကြိမ်တွေ့ဆုံပါတယ်... ဘီလ်ဂိတ်ဟာ ဝါရင်းဘတ်ဖက်နဲ့ တွဲဖက်လုပ်ဆောင်စရာရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့တဲ့အတွက် သူတို့ရဲ့တွေ့ဆုံမှုကို နာရီဝက်ပဲလျာထားခဲ့ပါတယ်... တကယ်တမ်းတွေ့ဆုံတဲ့အခါမှာတော့ ၁၀ နာရီကြာခဲ့ပြီး ဘီလ်ဂိတ်ဟာ ဝါရင်းဘတ်ဖက်ကို သဘောကျထောက်ခံသူတစ်ဦးဖြစ်လာခဲ့ပါတယ်...

၁၀) သူဟာ ဆဲလ်ဖုန်းတစ်လုံးကိုမှ ကိုင်ဆောင်ခြင်းမရှိပါဘူး... သူ့စားပွဲပေါ်မှာလည်း ကွန်ပျူတာတစ်လုံးမှ မရှိပါဘူး...

၁၁) လူငယ်တွေအပေါ်သူ့ရဲ့ အကြံပြုချက် "အကြွေးဝယ်ကတ်တွေနဲ့ ဝေးဝေးနေပြီး မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံပါ..."

၁၂) သူဟာ သူ့ပိုင်ဆိုင်မှုရဲ့ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံကို မရှိဆင်းရဲသားတွေအတွက် လှူဒါန်းခဲ့ပါတယ်...
------------------------------------------------
#နှိုင်းရင့်နွေ
Ref: http://www.yesiknowthat.com/

No comments:

Post a Comment