မျက်စိကျန်းမာရေး အနားပေး လေ့ကျင့်ခန်းများ
-------------------------- -------------------------- ------------
နေ့စဉ်ကွန်ပျူတာသုံးနေသူတွေ ... ရုပ်မြင်သံကြားအကြည့်များသူ တွေအတွက် မျက်စိကျန်းမာအောင် နေထိုင်လုပ်ဆောင်သင့်တဲ့အချ က်လေးတွေဖော်ပြပေးပါ့မယ်...
ဒီအချက်တွေကတော့ ကျန်းမာရေးဆောင်းပါးတွေမှာပါတဲ့ အချက်တွေကို ကိုးကားဖော်ပြပေးတာဖြစ်ပါတယ်...
မျက်စိနဲ့ကွန်ပျူတာဆက်စပ်ပြီးပြောလာရင် ၂၀-၂၀-၂၀ ဥပဒေသဆိုတာရှိပါတယ်... တကယ်ကတော့ ၂၀-၂၀-၂၀-၂၀-၂၀ ဆိုရင်ပိုမှန်ပါလိမ့်မယ်...
အဲ့ဒါကတော့ ရုပ်မြင်သံကြား ဒါမှမဟုတ် ကွန်ပျူတာကို အချိန်အကြာကြီး ကြည့်ကြသုံးကြတဲ့သူတွေဟာ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ လောက်အကွာအဝေးကို စက္ကန့် ၂၀ လောက်ကြည့်ပေးဖို့လိုပါတယ်. .. ဒါကပထမ ၂၀-၂၀-၂၀ ပါ...
ဒီလိုကြည့်ခြင်းအားဖြင့် မျက်စိရဲ့ ဆုံချက်အလျားပြောင်းလဲသွားတာကြောင့် မျက်လုံးညောင်းညာမှုက ကင်းဝေးစေပါတယ်...
နောက်ထပ် ၂၀ ကတော့ အဲ့လို မိနစ် ၂၀ ကြာတိုင်း မျက်တောင် အကြိမ် ၂၀ ခတ်ပေးရပါမယ်...
ရုပ်မြင်သံကြား ဒါမှမဟုတ် ကွန်ပျူတာကို အာရုံစူးစိုက်ပြီး ကြည့်နေတဲ့သူတွေဟာ မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ပါတယ်...
မျက်တောင်ခတ်ပေးခြင်းအားဖြင့် မျက်လုံးရဲ့ စွတ်စိုမှုကို ထိန်းသိမ်းထားနိုင်ပါတယ်...
နောက်ထပ် ၂၀ ကတော့ အဲ့လို မိနစ် ၂၀ ကြာတိုင်း ခြေလှမ်း ၂၀ လောက်လျှောက်ပေးဖို့ပါပဲ...
တစ်နေရာထဲမှာ ကိုယ်နေဟန်ထားမပြောင်းဘဲ အကြာကြီးထိုင်နေရင် လူကညောင်းညာပင်ပန်းမှုဒဏ်ကို ခံရသလို မျက်လုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်...
ဒီလိုလျှောက်ခြင်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်...
အဲ့တော့ မိနစ် ၂၀ ကြာတိုင်း alarm ပေးပြီး ဒီလုပ်ဆောင်ချက်လေးတွေကို သတိထားလုပ်စေချင်ပါတယ်.... alarm ပေးရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်.. .
မိနစ် ၂၀ ကိုလည်း သတိမထားဘဲ မေ့နေတတ်တယ်ဆိုရင်တော့ နောက်တစ်နည်းဖြစ်တဲ့ ရေများများသောက်ခြင်းကို အသုံးပြုသင့်ပါတယ်...
ရေများများသောက်ခြင်းအားဖြင့် ကျန်းမာရေးကိုအထောက်အကူပြုသ လို ရေသောက်တာများလို့ အပေါ့အပါးထသွားရတဲ့အခါ ခုနကအချက်တွေကို အလိုလိုလုပ်ဆောင်ပြီးသားဖြစ်သွားနိုင်ပါတယ်...
ဒီ ၂၀ သတ်မှတ်ချက်လေးတွေကို ပုံမှန်ဆက်တိုက်လုပ်သွားဖို့ လိုပါတယ်... ဒါမှသာ တစ်သက်လုံးအသုံးပြုရမယ့် သင့်မျက်လုံးတွေက ရေရှည်အတွက်ကောင်းမွန်နိုင် မှာပါ...
သင်လုပ်နေတဲ့အလုပ်အားလုံးထက် သင့်မျက်လုံးက ပိုတန်ဖိုးရှိပါတယ်.... သင့်မျက်လုံးကို အစဉ်ကာကွယ်စောင့်ရှောင် ထိန်းသိမ်းပါ.....
-------------------------- ------------
#နှိုင်းရင့်နွေ
--------------------------
နေ့စဉ်ကွန်ပျူတာသုံးနေသူတွေ
ဒီအချက်တွေကတော့ ကျန်းမာရေးဆောင်းပါးတွေမှာပ
မျက်စိနဲ့ကွန်ပျူတာဆက်စပ်ပြ
အဲ့ဒါကတော့ ရုပ်မြင်သံကြား ဒါမှမဟုတ် ကွန်ပျူတာကို အချိန်အကြာကြီး ကြည့်ကြသုံးကြတဲ့သူတွေဟာ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ လောက်အကွာအဝေးကို စက္ကန့် ၂၀ လောက်ကြည့်ပေးဖို့လိုပါတယ်.
ဒီလိုကြည့်ခြင်းအားဖြင့် မျက်စိရဲ့ ဆုံချက်အလျားပြောင်းလဲသွားတ
နောက်ထပ် ၂၀ ကတော့ အဲ့လို မိနစ် ၂၀ ကြာတိုင်း မျက်တောင် အကြိမ် ၂၀ ခတ်ပေးရပါမယ်...
ရုပ်မြင်သံကြား ဒါမှမဟုတ် ကွန်ပျူတာကို အာရုံစူးစိုက်ပြီး ကြည့်နေတဲ့သူတွေဟာ မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ပါတယ်...
မျက်တောင်ခတ်ပေးခြင်းအားဖြင
နောက်ထပ် ၂၀ ကတော့ အဲ့လို မိနစ် ၂၀ ကြာတိုင်း ခြေလှမ်း ၂၀ လောက်လျှောက်ပေးဖို့ပါပဲ...
တစ်နေရာထဲမှာ ကိုယ်နေဟန်ထားမပြောင်းဘဲ အကြာကြီးထိုင်နေရင် လူကညောင်းညာပင်ပန်းမှုဒဏ်ကို
ဒီလိုလျှောက်ခြင်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်...
အဲ့တော့ မိနစ် ၂၀ ကြာတိုင်း alarm ပေးပြီး ဒီလုပ်ဆောင်ချက်လေးတွေကို သတိထားလုပ်စေချင်ပါတယ်.... alarm ပေးရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်..
မိနစ် ၂၀ ကိုလည်း သတိမထားဘဲ မေ့နေတတ်တယ်ဆိုရင်တော့ နောက်တစ်နည်းဖြစ်တဲ့ ရေများများသောက်ခြင်းကို အသုံးပြုသင့်ပါတယ်...
ရေများများသောက်ခြင်းအားဖြင
ဒီ ၂၀ သတ်မှတ်ချက်လေးတွေကို ပုံမှန်ဆက်တိုက်လုပ်သွားဖို
သင်လုပ်နေတဲ့အလုပ်အားလုံးထက
--------------------------
#နှိုင်းရင့်နွေ

No comments:
Post a Comment