Wednesday, August 3, 2016

သင်ဒါတွေသိပြီလား

၁) နေ့တိုင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀ သန်း (40 trillion) ကို ကမ္ဘာအနှံ့လွှဲပြောင်းအသုံးပြုနေကြပါတယ်...

၂) ခြင်အထီးတွေဟာ လူကိုမကိုက်ပါဘူး... အမတွေပဲကိုက်တာပါ....

၃) လူငါးယောက်မှာ နှစ်ယောက်ဟာ အချစ်ဦးနဲ့ လက်ထပ်ကြရပါတယ်...

၎) သြစတြေးလျတိုက်ဟာ ရှင်သန်နေတဲ့ မီးတောင်မရှိတဲ့ တစ်ခုတည်းသောတိုက်ဖြစ်ပါတယ်...

၅) ပြည်တွင်းစစ်အပြီးမှာ အမေရိကန်ငွေစက္ကူ ၄၀ ရာခိုင်နှုန်းခန့်ဟာ
အတုပြုလုပ်ခြင်းခံခဲ့ရပါတယ်....

၆) ရေပူနဲ့ချိုးတာဟာ အရေပြားကို ပျက်စီးစေပါတယ်...

၇) ကမ္ဘာ့အတိတ်ဆိတ်ဆုံးအခန်းဟာ အလွန်တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ထင်ယောင်ထင်မှားတောင် ဖြစ်စေပါတယ်... ဒီအခန်းထဲမှာ ၄၅ မိနစ်ထက်ပိုပြီး ဘယ်သူမှ မနေနိုင်ပါဘူး...

၈) လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ရက်ပေါင်း နှစ်သောင်းငါးထောင်ရှိပါတယ်...

၉) ရေအောက်မှာ ကစားခဲ့တဲ့ အကြာဆုံးမိုနိုပိုလီပွဲဟာ ၄၅ ရက်ကြာခဲ့ပါတယ်...

၁၀) ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်း ဂလက်ဆီဟာ ကြယ်ပေါင်း ၂၀၀ ကနေ ၄၀၀ အထိ ပါဝင်ပါတယ်...

၁၁) အိုင်းစတိုင်းဟာ သူ့ရဲ့ ကိုးနှစ်မြောက်မွေးနေ့ပြီးတဲ့အထိ စကားကောင်းကောင်းမပြောနိုင်ပါဘူး... မိဘတွေကသူ့ကို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတယ်လို့ထင်ခဲ့ကြပါတယ်...
----------------------------------
#နှိုင်းရင့်နွေ
Ref: Crazy Facts

No comments:

Post a Comment