Monday, August 1, 2016

မြန်မာ့မြို့/ ရွာ /ဒေသများ၏ ရှေးဟောင်းအမည်များ


 ကန္တာရ၀တီ >>>> ကယား
ကမ္ဘောဇ >>>> ရှမ်း
ကုသိနာဂရ >>>> ပုသိမ်
ကေတုမတီ >>>> တောင်ငူ
ကေလာသ >>>> တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ >>>> ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ >>>> ကျိုင်းတုံ
ခေါသန္တီ >>>> မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ >>>> ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ >>>> စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ >>>> စလင်းအနောက်ဘက်
စိနရဋ္ဌ >>>> ကချင်ပြည်နယ်
စန္ဒပူရ >>>> မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ >>>> သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ္ဎန >>>> တောင်ငူနယ်
ဇေယျပူရ >>>> စစ်ကိုင်း
ဇောတိနုဂရ >>>> ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ >>>> ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ >>>> ဧရာဝတီမြောက်ပိုင်း
ဓညဝတီ >>>> မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ >>>> မြစ်ငယ်
ဒွာရာဝတီ >>>> သံတွဲ
နဂရာဇာ >>>> နဂရစ်
ပဉ္စာလရာဇ် >>>> တကောင်း
ပဌမနဂရ >>>> မကွေးတောင်ဘက်
ပေါက္ကရ၀တီ >>>> ရန်ကုန်
မဟာနဂရ >>>> မွန်ငယ်
မစ္ဆဂီရိ >>>> ချင်းတောင်တန်း
မေဃဝတီ >>>> မာန်အောင်
မိတ္ထီလာ >>>> မိတ္ထီလာ
ယက္ခပုရ >>>> သထုံ
ယောနက >>>> ယော
ရတနပုရ >>>> အင်းဝ
ရတနာပုံ >>>> မန္တလေး
ရာဇဂြီဟ >>>> ကလေးအနီး
ရာမညဒေဝ >>>> မွန်ပြည်နယ်
ရမ္မာဝတီ >>>> ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ >>>> ရွှေဘို
ဝေဘာရာ ဝေပုလ္လ >>>> ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ >>>> မြောက်ဦးအနီး
ဝိမဏု >>>> ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ >>>> ချင်းတွင်းမြစ်
သာကေတ >>>> ရန်ကုန်
သာဂရ >>>> ဆွာအနီး
သာယာဝတီ >>>> သုံးဆယ်အနီး
သိရီခေတ္တရာ >>>> မော်ဇာ
သိရီပစ္စရာ >>>> ပုဂံအနီး
သိင်္ဂုတ္တရ >>>> ရွှေတိဂုံကုန်းတော်
သုနာပရန္တ >>>> ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ >>>> သထုံ
သုဝဏ္ဏဘူမိ >>>> တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ >>>> တကောင်း
ဟရိပုဉ္စ >>>> မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ >>>> ပဲခူး
အမရပူရ >>>> တောင်မြို့
အရိမဒ္ဒနပူရ >>>> ပုဂံ
အသီတဉ္စန >>>> ရန်ကုန်
အလ္လကပ္ပ >>>> စစ်ကိုင်းအနီး
အာဠဝတီ >>>> မြစ်ကြီး
သြရိဿ >>>> ပဲခူး
ဥက္ကလာပ >>>> ရန်ကုန်
-----------------------------------------
#နှိုင်းရင့်နွေ

No comments:

Post a Comment