Wednesday, August 3, 2016

ကျားများအကြောင်း

၁) ကျားတွေရဲ့ ညဘက်အမြင်ဟာ လူတွေထက် ၆ ဆပိုကောင်းပါတယ်...

၂) ကျားတစ်ကောင်စီမှာ မတူညီတဲ့ အစင်းကြောင်းတစ်ခုရှိပါတယ်... လူတွေမှာ လက်ဗွေရာတွေမတူညီသလိုပါပဲ

၃) ကျားတွေဟာ သာမန်အားဖြင့် တခြားတိရိစ္ဆာန်တွေကို ဟိန်းဟောက်လေ့မရှိပါဘူး... တခြားကျားတွေနဲ့ ဆက်သွယ်ဖို့အတွက်ပဲ ဟိန်းဟောက်သံကို အသုံးပြုကြပါတယ်... ကျားတစ်ကောင်က တိုက်ခိုက်တော့မယ်ဆိုရင် ဟိန်းဟောက်ခြင်းကိုမပြုတော့ဘဲ ရှူးခနဲမြည်သံကိုသာ ပြုလုပ်လေ့ရှိပါတယ်....

၎) ကျားတွေဟာ သူတို့ရဲ့ စွမ်းအားပြည့်လှတဲ့ သွားနဲ့ မေးရိုးတွေကြောင့် အရိုးထဲထိထွင်းဖောက်ပြီးကိုက်နိုင်ပါတယ်... သူတို့ဟာ သားကောင်ရဲ့ လည်ဆစ်ရိုးကို ဖောက်ဝင်အောင် ချိုးဖဲ့ကိုက်ဖြတ်လေ့ရှိပါတယ်...

၅) ကျားအုပ်စုတစ်စုကို ambush တစ်ခုဒါမှမဟုတ် streak တစ်ခုလို့ ခေါ်ပါတယ်...
-------------------------------------
#နှိုင်းရင့်နွေ
Ref: General knowledge

No comments:

Post a Comment