Monday, August 1, 2016

သင်ဒါတွေသိရဲ့လား

၁) ဆင်တွေဟာ မခုန်နိုင်တဲ့ တစ်မျိုးတည်းသော တိရိစ္ဆာန်ဖြစ်ပါတယ်...

၂) လိပ်ပြာတွေဟာ သူတို့ရဲ့ခြေထောက်နဲ့ အရသာကိုမြည်းစမ်းပါတယ်...

၃) ရေမြင်းတွေဟာ ၄ ပေအမြင့်ရှိတဲ့ ကလေးဝင်နိုင်လောက်အောင် သူတို့ရဲ့ပါးစပ်ကို ဟနိုင်စွမ်းရှိပါတယ်...

၅) တောင်ပံနှစ်ခုပါတဲ့ Housefly ယင်ကောင်တွေဟာ သူ့ရဲ့အစာတွေကို ပြန်အန်ထုတ်ပြီး နောက်တစ်ကြိမ်စားသောက်ပါတယ်...

၆) ခွေးတွေ ကြောင်တွေဟာ လူတွေလိုပဲ ဘယ်သန် ညာသန်တွေ ရှိကြပါတယ်...

၇) ခွေတိုင်းဟာ ခန္ဓာဗေဒမှာ တစ်ထပ်တည်းကျပြီး အရိုး ၃၂၁ ချောင်းနဲ့ သွား ၄၂ ချောင်းရှိပါတယ်...

၈) ခွေးတွေဟာ ဝံပုလွေတွေကနေ တိုက်ရိုက်ဆင်းသက်လာတာဖြစ်ပါတယ်...

၉) ခွေးပေါက်လေးတွေဟာ မွေးဖွားပြီး ၁၂ ရက်လောက်အထိ မျက်စိမဖွင့်နိုင်ကြပါဘူး... တစ်လကြာတဲ့အထိ ကောင်းကောင်းမမြင်နိုင်ပါဘူး...

၁၀) အရွယ်ရောက်ပြီးကြောင်တစ်ကောင်ဟာ တစ်နာရီ ၂၀ ကီလိုမီတာ (၁၂ မိုင်) နှုန်း ပြေးလွှားနိုင်ကြပါတယ်...

၁၁) ကမ္ဘာ့အကြီးဆုံးဖားကို Goliath frog (ဧရာမဖား) လို့ခေါ်ပါတယ်...

၁၂) ငှက်ကုလားအုတ်ရဲ့ မျက်လုံးဟာ သူ့ရဲ့ဦးနှောက်ထက်ပိုကြီးပါတယ်....

၁၃) ဘဲအော်သံက ပဲ့တင်သံမထွက်ပါဘူး... ဘာကြောင့်ဆိုတာတော့ ဘယ်သူမှမသိကြပါဘူး...

၁၄) မိကျောင်းတွေက လျှာမထုတ်နိုင်ပါဘူး....

၁၅) အီမျူးငှက်တွေဟာ တစ်နာရီ ၄၅ ကီလိုမီတာ နှုန်းအထိ ပြေးနိုင်ပါတယ်....

၁၆) Stonefish ရဲ့ အဆိပ်က လူတစ်ယောက်ကို နှစ်နာရီအတွင်းသေစေနိုင်ပါတယ်...

၁၇) ငါးမန်းတွေက ရေထဲမှာကူးခတ်နေဖို့လိုပါတယ်... မကူးတာနဲ့ သူတို့ရေထဲနစ်သွားမှာဖြစ်ပါတယ်....
---------------------------------
#နှိုင်းရင့်နွေ
Ref: Amazing Facts

No comments:

Post a Comment