Monday, August 1, 2016

သင်ဒါတွေသိရဲ့လား

၁) သွေးနီဥတစ်လုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်ပတ်ဖို့ စက္ကန့် ၂၀ လောက်ပဲကြာပါတယ်...

၂) နေ့စဉ်နေ့တိုင်းမှာ စုံတွဲပေါင်း သန်း ၂၀၀ ချစ်ရည်လူးကြတယ်... ကလေးငယ်ပေါင်း လေးသိန်းမွေးဖွားကြတယ်... ပြီးတော့ လူပေါင်း တစ်သိန်းလေးသောင်း သေဆုံးနေကြပါတယ်....

၃) ရေမြင်းတွေဝမ်းနည်းတဲ့အခါမှာ သူတို့ရဲ့ ချွေးတွေဟာ အနီရောင်ပြောင်းသွားကြပါတယ်...

၎) သင်နှာချေလိုက်တဲ့အခါတိုင်း သင့်ရဲ့ဦးနှောက်ဆဲလ်အချို့ သေဆုံးသွားပါတယ်...

၅) လူတစ်ယောက်က တစ်စုံတစ်ခုကို ကျေနပ်နှစ်သက်တဲ့အကြည့်နဲ့ ကြည့်တဲ့အခါတိုင်း မျက်လုံးရဲ့သူငယ်အိမ်ဟာ ၄၅% ကျယ်လာပါတယ်....

၆) ဂျာမန်သိုးထိန်းခွေးတွေဟာ တခြားသောခွေးအမျိုးအစားတွေထက် လူကိုပိုကိုက်တတ်ကြပါတယ်....

၇) ပထမဆုံး Harley Davidson ဆိုင်ကယ်ကို 1903 ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ကာဘရိုက်တာ (carburetor) အဖြစ် ခရမ်းချဉ်သီးစည်သွပ်ဗူးကို အသုံးပြုခဲ့ပါတယ်....

၈) ဥာဏ်ကောင်းတဲ့လူတွေရဲ့ ဆံပင်မှာ သွပ်နဲ့ ကြေးနီဓာတ်ပိုများပါတယ်...

၉) ပျားရည်ကဘာကြောင့် အစာကြေလွယ်လဲဆိုရင် ပျားတွေက အစာချေထားပြီးထုတ်လုပ်ထားလို့ပါပဲ...

၁၀) နောက်မှာရှိတဲ့အရာကို လှည့်မကြည့်ဘဲမြင်နိုင်တဲ့ နှစ်မျိုးတည်းသော တိရိစ္ဆာန်တွေကတော့ ယုန်နဲ့ ကြက်တူရွေးတို့ပဲဖြစ်ပါတယ်...

၁၁) လူရဲ့ ဆံပင်နဲ့ လက်သည်းတွေဟာ အဲ့ဒီလူသေဆုံးသွားရင်တောင် ဆက်လက်ရှည်ထွက်ကြပါတယ်...

၁၂) Black tea ကိုသောက်ခြင်းအားဖြင့် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ အဆုတ်ဒဏ်ရာတွေကို ကာကွယ်ပေးနိုင်ပါတယ်....
----------------------------
#နှိုင်းရင့်နွေ
Ref: Amazing Facts

No comments:

Post a Comment